မြေဖုတ်ဘီလူး

March 22, 2026

ကျော်စိုးတစ်ယောက်၏ မျက်နှာမှာအပြုံးပန်းနှင့်အတူအလွန်ပျော်နေသည်။အခြားကြောင့်မဟုတ်ပါ။ထိုနေ့ကသူ့အမေ (ဒေါ်သူသူ) က သူအလွန်ချစ်ရသည့် ခွေးအမျိုးအစားတစ်ကောင်ဝယ်ပေး၍ဖြစ်သည်။”သားးးးး ကျော်စိုး အမေဝယ်လာတဲ့ ခွေးကြိုက်ရဲ့လားကွယ်”ဒေါ်သူသူတစ်ယောက် သူသားဖြေမည့်အဖြေကိုသိနေသော်လည်း °ဟုတ်ကြိုက်တယ်အမေ°ဟူသော် အသံကြားချင်၍မေးလိုက်မိ၏။”ကြိုက်တာပေါ့အမေရာ သားဒီနေ့အပျော်ဆုံးပဲ သိလားအမေ”ဒေါ်သူသူ ကြားချင်သည့်စကားကြားလိုက်ရလေပြီ။ ဒေါ်သူသူလဲ ကျော်စိုးနှင့်အတူ ပီတိဖြစ်မိသည်။”တူးတူးတူးတူးတူးတူး”(ဖုန်းမြည်သံ)ဒေါ်သူသူတစ်ယောက် ဖုန်းမြည်သံကြားသည့် နေရာသို့မျက်နှာ လှည့်ကြည့်လိုက်သည်။ဖုန်းရှိသည့်နေရာသို့ ခြေလှမ်းလိုက်သည်။ ဖုန်းဘေးနား မှာရှီသော စတီး ထိုင်ခုံအလွတ်တစ်ခု့တွင် ထိုင်၍ဖုန်းကိုင်ပြီးအသံချိုသာစွာ ဖြင့်အသံပြု့လိုက်သည်။”ဟဲလိုးးး အမိန့်ရှိပါ ဒေါ်သူသူစကားပြောနေပါတယ်””မမရေ ညီမလေးတို့အမေဆေးရုံ တက်ရလို့ အဲ့ဒါ ရန်ကုန်ဆေးရုံကြီးကိုအမြန် လာခဲ့ပါ အမြန်ဆုံးလာခဲ့ပါ””ဂွတ်လ်လ်လ် တူးတူး”(ဖုန်းကျသွားသည်။)ဒေါ်သူသူ ၏ညီမ ဖြစ်သူမှ အရေးပေါ်ဖုန်းဆက်သောကြောင့်ဒေါ်သူသူတစ်ယောက် အမေ ဟူသောစိတ်ဖြင့် ခေါင်းပူထူသွား၏။ဒေါသလဲ အနည်းငယ်ထွက်သွား၏အခြားကြောင့်မဟုတ်ပါ။ဒေါသူသူ၏ညီမသည် ဖုန်းဆက်သောအခါ လိုရင်းတိုရှင်းစကားပြောတက်သောကြောင့်ဖြစ်သည်။ စိတ်ထဲမှာတော့ တွေးမိသည် အမေ့အတွက်အရေးပေါ် အခြေအနေမှို့ ဖုန်းမြန်မြန်ဆက် တာဖြစ်မှာပါလေ ။ရုတ်တရက်ဒေါ်သူသူ ခန္ဓာ တုန်သွားသည်။”အမလေးးး ဘုရားမြတ်စွာ”ဒေါ်သူသူ ကို ကျော်စိုးကလက်ဖြင့်တို့လိုက်ခြင်းကြောင့်ဒေါ်သူသူ ရုတ်တရက် လန့်သွားသည်။”အမေ ဘယ်သူဖုန်းဆက်တာလဲ ဘယ်သူဘာဖြစ်လို့လဲ အမေ””မင်းအဖွား ငါ့အမေ ဆေးရုံတက်ရလို့တဲ့ အဲ့ဒါ ငါဒီနေ့ ဆေးရုံ ကိုသွားရမယ် ဒီညငါဆေးရုံမှာ ညစောင့်ရမယ်”ဒေါ်သူသူတစ်ယောက်ဤသို့ပြောပြော ဆိုဆိုနှင့် အလျှင်အမြန် ဆေးရုံသွားရန် ပြင်ဆင် နေတော့၏။ကျော်စိုး အတွက်တော့ ထိုနေ့က လွတ်လပ်သွားလေသည်။ကျော်စိုးအိမ်တွင်တစ်ယောက်ထဲ ကျန်ခဲ့ရမည်ကိုတွေးပြီး ဝမ်းသာနေသည်။ ကျော်စိုးသည်လူငယ်တစ်ယောက်ဖြစ်၍ အပေါင်းအသင်း များ၏။ကျော်စိုးတို့မိသားစုသည်။အမေ တစ်ခု သားတစ်ခုဖြစ်၍အဖေ ကတော့ ကျော်စိုးငယ်ငယ်ထဲက ဆုံးပါးသွားသည်။ ထို့ကြောင့် ကျော်စိုမှာ ဖ တ ဆိုး လေးဖြစ်၏။ကျော်စိုးသည် ဇွတ်တရွတ် သမားဖြစ်၏။ဒေါ်သူသူ တစ်ယောက် အိမ်ကားဖြင့် ဆေးရုံသို့ သွားပြီ။ကျော်စိုး တစ်ယောက်ဒေါ်သူသူအပြင်သို့ ထွက်သွားသည်နှင့်အိမ်အပေါ်သို့ ပြေး၍ ဖုန်းသွားဆက်သည်။”အေ သားကြီး ဟယောင်အိမ်မှာ ဘွားတော်မရှိဝူးကွငါ့အိမ်လာခဲ့ ဘောလုံပွဲကြည့်မယ်””ဟ တစ်ကယ် လားကွ ဒါဆိုသောက်ဖို့စားဖို့ ငါယူခဲ့မယ် ”ဒီလိုနှင့် ည 7:00အချိန်သို့ ရောက် သွားသည်။သောက်ခါ စားခါနဲ့ ဝေးဝေးဝါးဝါးအော်အသံများနှင့်အတူ သူငယ်ချင်း 3ယောက် ပျော်နေကြသည်။ ကျော်စိုးတစ်ယောက် အတွက် အပျော်ဆုံး နေ့ဟူ ထင်ခဲ့ပေမယ့်ကျော်စိုး နှင့် အတူ သူငယ်ချင်းသုံးရောက် အတွက်ကံအဆိုးဆုံးနေ့ တစ်နေ့ ဖြစ်သည်။ကျော်စိုး၏ သူငယ်ချင်းနှစ်ယောက်ထဲမှတစ်ယောက်က အရက်မူးသောအသံဖြင့် ကျော်စိုး အားစကား ပြောသည်။”အိမ်ထဲမှာ အရက်သောက်ရတာ ပူလိုက်တာကွာ””ဟုတ်တယ် ဟုတ်တယ် ငါ့ရို့ကို ဒီကောင် ဖုန်းဆက်ခေါ်ပြီဒုက္ခပေးတာကွ ”သူငယ်ချင်းနှစ်ယောက်မှ ကျော်စိုးအား တိုက်ခိုက်လာသည့်စကားကြောင့်ကျော်စိုး ရိပ်မိ၍ ဒေါသ ထွက်ထွက်နှင့်ဒေါသ စကား စပြောသည်။” ဟ မင်းတို့က ငါ့ကို စကားလုံးတွေနဲ့ ဖဲ့နေတာလားကွ ငါမူးနေတယ်များထင်လား မင်းတို့နှစ်ကောင် ငါနဲ့ ထိုးမလား ”ကျော်စိုး တစ်ယောက် မူးမူးနှင့် သူ့သူငယ်ချင်းနှစ်ယောက်ကိုတစ်ယောက်တစ်ချက် ထထိုး လိုက်တော့သည်။”ဖောင်းးးး ခွက်းး”(လက်သီးထိုသံ)ထိုအချိန်မှာ အထိုးခံရသော ငတိ နှစ်ကောင်က ပြန်ထိုးပါသည်။ ဒီလိုနှင် ညဖက် 8:00အချိန် သူငယ်ချင်း3ယောက်ထိုးလားကျိတ်လားနဲ့ အိမ်ထဲမှ အိမ်အပြင်သို့ ရောက်လာသည်။နည်းနည်းတော့အမူးပြေသွားသည်။ ခြံအပြင်၌ သူငယ်ချင်း3ယောက် အရက်ပြန်သောက်ဖို့ ဆုံးဖြတ်လိုက်သည်။ အရက် သောက်ကြသည်။ ခြံအရှေ့ တွင်လမ်းခင်းရန် ပုံထားသော သဲပုံ တစ်ခု နှားတွင် အရက်အတူ သောက် ရင်း စကား များကျပြန်သည်။”ဟားး ဒီမှာခြင်ကိုက်တယ်ကွ”ထိုစကားအသံကြား၍ ကျော်စိုးတို့စကားများပြန်သည်။”ဟ ယောင် ခြင်ကိုက်တော့ ဘာလုပ်ချင်လဲ မင်က ရန်စတာလားကွ ”ကျော်စိုး ပြောလိုက်သောစကားကြောင့်သူငယ်ချင်းနှစ်ယောက်က ကျော်စိုးအား ဝိုင်းထိုးကျသည်။ကျော်စို တစ်ယောက် အလူးအလဲခံနေရသည်။ ကျော်စိုး တစ်ယောက် မြေဂျီး ပေါ်တွင် အလူးအလဲ အထိုးခံနေရသောကြောင့်ရွှံ နှင့် သဲများ ကျော်စိုးခန္ဓာပေါ်တွင် ပေပေကျံကျံ ဖြစ်သွားသည်။ ကျော်စိုးတစ်ယောက် အလွန်မူး၍အိပ်ပျော်သွားသည်။ကျော်စိုး ဖျက်ခနဲ မျက်လုံးဖွင့်ကြည့်လိုက်သည်။ကျော်စိုးအမေ ဒေါ်သူသူ ကကျော်စိုး ဘေးတွင်ငိုနေသည်။ကျော်စိုးရုတ်တရက် ထထိုင်လိုက်သည်။ကျော်စိုးတစ်ယောက် သူ၏အမေ ဘာ့ကြောင့် သူ့အနားမှာ ငိုနေသည်ကို သိချင်လာ၍ လှမ်းမေးလိုက်သည်။”အမေ အမေ ဘာဖြစ်လို့ကျွန်တော့ဘေးနားမှာ ငို နေတာလဲ””အော်•••သား သတိရ လာပြီလား ””အမေ့ကိုမေးနေတယ်လေ ဘာလို့ငိုနေတာလဲ လို့””ဘာမှမဟုတ်ပါဘူးသားရယ်”ကျော်စိုး၏အမေ ဒေါ်သူသူတစ်ခုခု ကိုဖုံးကွယ်ထားသည်။ကို ကျော်စိုး ရိပ်မိသည်။ကျော်စိုးတစ် တစ်ယောက် သူသုံးနေသည့် ဖုန်း ကိုဖွင့်ကြည့်လိုက်သည်။ထူးခြားသည်က သူဖုန်း တွင်ပေါ်နေသော DATEက28 ရက် ဖြစ်နေသည်။သူ စဉ်းစားသည်။ငါ တို့ အရက်သောက်တဲ့နေ့က25ရက်နေ့ကပါ ဘယ်လိုဖြစ်ပြီး28ရက်ရောက်နေတာလဲ ဟူ၍တွေးမိသည်။ကျော်စိုး မသေခြာ၍ သူ့သူငယ်ချင်း များ အားဖုန်ဆက်၍မေ လိုက်သည်။သူ့သူငယ်ချင်း က ဖုန်းမကိုင်ပဲသူငယ်ချင်း အမေက ဖုန်ကိုင်သည်။”ဟဲလို ဟယောင် ဒီနေ့ဘာနေ့လဲ”” ဟဲ့ နင့်သူငယ်ချင်းမဟုတ်ဘူးဟဲနှင့်သူငယ်ချင်းရဲ့အမေပဲငါပြတ်ပြတ်သားသားပြောလိုက်မယ် နောက် ငါ့သားနဲ့ မပတ်သက်ပါနဲ့ ဒါပဲ ဂွတ် တီတီ”ကျော်စိုး အတွက်စဉ်းစားစရာ ဖြစ်နေ၏။ကျော်စိုး နောက်သူငယ်ချင်းကိုဖုန်ဆက်မေးပြန်သည်။” ဟဲလို သူငယ်ချင်း ”ဒီတစ်ခါလဲ သူငယ်ချင်း၏အမေဖြစ်နေပြန်သည်။”ကောင်လေး မင်းထိုးလိုက်တာ ငါ့သား ဆေးရုံတက်ရတဲ့ အဆင့်ဖြစ်သွားတယ် သူငယ်ချင်းစိတ်မရှိရင် ငါ့သားနဲ့မပတ်သက်ပါနဲ့”ဖုန်းချသွားသည်။ကျော်စိုး စဉ်းစားရင်းခေါင်းပူသွားသည်။ စဉ်းစား၍မရအဘယ်ကြောင့်နည်း။ကျော်စိုး အတွက် အတွေးတစ်ခုခေါင်းထဲရောက်လာသည်။ ခြံ အရှေ့မှာ တပ်ထားတဲ့CCTVကင်မရာ ရှိသည်။ ထိုကင်မရာမှ ထိုနေကဖြစ်ခဲ့သည့်အကြောင်းအရာ များမှသိနိုင်သည်။ကျော်စိုး၏အမေ ရေသွားချိုးတုန်း ကျော်စိုးတစ်ယောက် ခြံရှေ့တွင် တပ်ထားသောCCTVကင်မရာ အာ ဖုန်းဖြင့် ချိတ်ဆက်လိုက်သည်။ထိုနေကဖြစ်ခဲ့သည်ကို ပြန်ကြည့်ပါတော့သည်။ကြည့်နေရင်း ကျော်စိုး ကြောက်လာသည်။ဖုန်တွင်ပေါ်နေသော အရုပ် များကိုကြည့်၍ ကျော်စိုးစိတ်ပျက်စွာငိုမိသည်။ဖုန်းတွင်ပေါ်နေသော ထိုနေကဖြစ်ရပ်က ဤသို့ဖြစ်သည်။ကျော်စိုး တို့သူငယ်ချင်း များအရက်သောက်ကြသည်။ရန်ဖြစ်ကျသည်။ ကျော်စိုးအထိုးခံရသည်။ကျော်စိုးသဲပုံပေါ်မှာအိပ်ပျော်သွားသည်။ ဟို ငတိ နှစ်ကောင်လဲ အိပ်ပျော်သွားသည်။ ည9နာရီအချိန်သို့ရောက်သွားသည်။ ကျော်စိုး ရုတ်တရက်ထထိုင်သည်။ ကျော်စိုး ထထိုင်အချိန်တွင် ကျော်စိုးအမေ ဝယ်လာသည့် ခွေးက ကျော်စိုးအား ထိုးဟောင်သည်။ကျော်စိုး ၏ဘေးတွင်ရှိသောတုတ် တစ်ချောင်း ကို ကျော်စိုးကိုင် ၍ ခွေးကို အားကုန် လွှဲရိုတ် လိုက်သည်။ ခွေးသည်ဘုန်းဘုန်းလဲသွားသည်။ထိုခွေးကို ကျော်စိုး အားရပါးရအစိမ်း ကိုက်စားသည်။ကျော်စိုးသည်ဘီလူးတစ်ကောင်ကဲ့သို့ လေးဘက် ထောက်ပြီးအားရပါးရ အမေဝယ်လာသည့်ခွေးအားစား လိုက်တော့၏။ခွေမှာစုပ်ပြက် သက်သွားသည်။အရိုး တစ်ခြား အသားတစ်ခြားဖြစ်သွားသည်။ထိုအချိန် တွင် သူငယ်ချင်းနှစ်ယောက်ထ လာသည်။ကျော်စိုး၏ဖြစ်နေသော ပုံစံကိုကြည့်၍ ဟိုငတိနှစ်ကောင်အဝေးသို့ ပြေးလေတော့၏။မနက်မိုးလင်းသည် အထိ ခွေးတစ်ကောင်စား၍မကုန်သေးအလင်းရောင် စထွက်သောအချိန်တွင် ကျွန်တော်ခန္ဓာ ကိုယ်မြေသို့ လဲသွားသည်။ ကျွန်တော် သတိလစ်နေ၏။သတိလစ်နေသောအချိန်မှာ2ရက်ဖြစ်သည်။ကျော်စိုး အလွန်ဝမ်းနည်းစွာ ငိုမိသည်။ သူချစ်သောခွေးဆုံးရှံရလေပြီ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဆုံးရှံရလေပြီကျော်စိုးတစ်ယောက် အရက် ဘယ်တော့မှမသောက်တော့ဘူး ဟူ၍ဆုံးဖြတ်လိုက်သည်။ ရေးသူ=စာနဂါး