ဓာတ်လှေကားထဲက သရဲမ
April 20, 2026ကိုမိုးဝေသည် ကုမ္ပဏီမန်နေဂျာတစ်ဦးဖြစ်သည် အလုပ်လည်းအလွန်အမင်းကြိုးစားသူတယောက် ကုမ္ပဏီတွင် ကြိုးကြိုးစားစားငါးနှစ်တာအလုပ်လုပ်ခဲ့ချိန်တွင် ယခုအခါ မန်နေဂျာရာထူးနှင့်မက်လောက်စရာများလည်းရှိနေပေပြီ ငါးနှစ်တာလုံးငွေကိုစစ်စစ်ပေါက်ပေါက်ကုပ်ခြစ်၍စုဆောင်းလာခဲ့တာအခုဆိုကိုယ်ပိုင်တိုက်ခန်းလေးတောင်ဝယ်နိုင်ပြီ တိုက်ခန်းကိုတော့ ကိုမိုးဝေအလွန်သဘောကျသည် အလုပ်နဲ့အလွန်နီးသည်လေ ညဘက် OT ဆင်းရသည့်အခါများတွင်လည်းအဆင်ပြေမယ် အိမ်နှင့်အလုပ်က ကားတစ်မှတ်တိုင်စာလောက်ပဲဝေးသည်မို့ လမ်းလျှောက်သွားရင်လည်းအဆင်ပြေပြန်ရောဒီလိုနှင့် ကိုမိုးဝေတိုက်ခန်းကိုသဘောအကျကြီးကျလို့နေသည်တိုက်ခန်းမှာနေတာ တစ်ပတ်ကျော်ကြာသည်အထိ ပြသာနာတစ်စုံတစ်ရာမရှိသေး အိမ်နီးချင်းတွေနဲ့လည်း သိပ်အရောတဝင်မနေဖြစ် အလုပ်များသည်ကတကြောင်း နဂိုက တစ်ယောက်ထည်းနေစရှိသည်ကတစ်ကြောင်းမို့ စကားစမြည်တောင်မပြောဖြစ်သည်လိုနဲ့တစ်ပတ်ကျော်လောက်မှာတော့ ကိုမိုးဝင်းOT စဆင်းဖို့ဖြစ်လာခဲ့သည် သိပ်တော့ကိစ္စမရှိလှအရင်ကတောင် အလုပ်နဲ့နာရီဝက်ကျော်သွားရတဲ့ခရီးမှာတောင် အလုပ်ဆင်းခဲ့သေးသည် အခုတော့အိမ်နဲ့က အနီးလေးစိတ်ပူစရာမရှိတစ်နေကုန်အလုပ်ကိစ္စမြို့ထဲသွားထားရသည်မို့ ညဘက်အလုပ်လုပ်တော့ အိပ်ချင်ချင်ဖြစ်လာတယ် ညည့်နက်လာလေ ပိုအိပ်ချင်လေနဲ့အလုပ်ချိန်ပြီးတဲ့အထိမနည်းအောင့်အီးထားရသည်အလုပ်ချိန်ပြီးတာနဲ့အိမ်တန်းပြန် အိပ်ချင်လားမအိပ်ချင်လား လမ်းလျှောက်နေရင်းကကကို နိုးတစ်ဝက်အိပ်တဝက် အိမ်တောင်ဘယ်လိုရောက်လာမှန်းမသိ စမ်းတမ်းစမ်းတမ်းနဲ့ပြန်လာရင်းက အိပ်ချင်မူးတူးနဲ့သေချာပြူးပြဲကြည့်တော့မှ တိုက်အောက်ရောက်နေပြီ ကိုမိုးဝေတို့တိုက်ခန်းက ၇ ထပ်တိုက် သူနေတာက ငါးလွှာမှာအိပ်ချင်မူးတူးနဲ့ပဲ တရွေ့ရွေ့ဓာတ်လှေကားထဲရောက်အောင်မနည်းသွားနေရသည် အထဲရောက်သည်နဲ့ နံပါတ်ငါးခလုတ်ကိုအလျင်အမြန်နှိပ်ပြီး အခန်းထောင့်ကပ်ကာ မှိန်းနေလိုက်သည် အခုချိန်ထိကနိုးတဝက်အိပ်တစ်ဝက်ဖြစ်တုန်း မိနစ်ပိုင်းလောက်အကြာမှာ ‘ကလင်’ ဆိုပြီးအသံကြားတော့ အပြင်ထွက်မယ်အလုပ် ဓာတ်လှေကားအပြင်က မြင်ကွင်းကသူမမြင်ဖူးတဲ့မြင်ကွင်းဖြစ်နေတယ်ဓာတ်လှေကားထဲပြန်ကြည့်တော့ အခုမှ ၃ ထပ်မြောက်ဟော ဘယ်လိုဖြစ်တာပါလိမ့် ခုနက သူတက်လာတုန်းက တစ်ယောက်ထဲပါ ဓာတ်လှေကားထဲမှာတစ်ယောက်ယောက်ပါလာတာ သူမသိလိုက်တာများလား ဝင်လာတဲ့သူကောထွက်သွားတဲ့လူအရိပ်ယောင်တောင်မရှိ ဇဝေဇဝါနဲ့ပဲ အထပ်ငါးကိုပြန်နှိပ်လိုက်သည် အပေါ်ထပ်ရောက်တာနဲ့ ဘာမှမလုပ်နိုင် အိပ်ယာထဲ ထိုးအိပ်တော့သည်မနက်အလုပ်သွားဖို့ပြင်ဆင်ပြီးထွက်လာတော့ ဓာတ်လှေကားစောင့်နေသူများကိုတွေ့ရသည် ကိုမိုးဝေပါ သူတို့နှင့်အတူရောစောင့်နေလိုက်သည် ခဏကြာတော့ ဓာတ်လှေကားရောက်ပြီး အောက်ထပ်ဆင်းလာခဲ့ကြသည်ကိုမိုးဝေ OT က တစ်ပတ်လုံးဆင်းရမည့်ပုံ ဒီကနေ့တော့ အလုပ်လည်းသိပ်မပင်ပန်းသည်မို့ ညနေအိမ်ပြန်တော့လန်းလန်းဆန်းဆန်းပဲ မနေ့ကလိုပဲ အိမ်ပြန်လာတော့ပတ်ဝန်းကျင်ကတိတ်ဆိတ်ပြီးသူတယောက်ထဲဓာတ်လှေကားထဲဝင်ပြီး နံပါတ်ငါးခလုတ်ကိုသေချာကြည့်ပြီးနှိပ်လိုက်တယ် မြားလေးအပေါ်တက်နေတာကိုလည်းသေချာစိုက်ကြည့်နေလိုက်တယ် ကြည့်နေရင်းမြှားလေးရပ်သွားပြီး ကလင် ဆိုတဲ့အသံထွက်ပေါ်လာတော့ အပြင်ထွက်မယ်အလုပ် သူသုံးထပ်မြောက်မှာပဲရှိနေသေးမှန်းသိလိုက်ရတယ် ဘယ်လိုဖြစ်တာပါလိမ့် ဒီဓာတ်လှေကားများပျက်နေတာများလားတံခါးခဏပွင့်သွားပြီး ပြန်ပိတ်ခါနီးအချိန်တွင် မိန်းကလေးတယောက်ဓာတ်လှေကားရှေ့မှာရပ်နေတာကိုရိပ်ခနဲတွေ့လိုက်သည် ပိတ်ခါနီးအချိန်လေးမှာရိပ်ခနဲတွေ့လိုက်ရတာမို့ မမှီတော့”သြော် ဒီမိန်းကလေးနှယ်မြန်မြန်လာတာမဟုတ်ဘူး အခုတော့စောင့်ပေအုန်းပေါ့ ”လို့စိတ်ထဲကတွေးလိုက်မိတယ်ဒီကနေ့တော့ ကုမ္ပဏီက ညစာစားပွဲရှိတာကြောင့် လူကြီးတွေနဲ့သောက်ကြစားကြနဲ့ညည့်အတော်နက်သွားသည် ကိုမိုးဝေလည်း အနည်းငယ်မူးနေပြီ သည်ကြားထဲ အမူးလွန်နေတဲ့ဝန်ထမ်းကောင်လေးတယောက်ကို သူ့အဆောင်ထိလိုက်ပို့ရသေးသည် လိုက်ပို့ပြီးပြန်လာတော့ ည ၁၂ နာရီရှိနေပြီမသောက်တာကြာမှပြန်သောက်လိုက်တော့ ဘယ်နှခွက်မှမသောက်ရသေးသည်ကို ကိုမိုးဝေအတော်မူးနေပြီ အိမ်ပြန်ခြေလှမ်းများက ယိုင်တိုင်တိုင် လျှောက်လာရင်းက သိပ်မကြာ သူ့တိုက်ခန်းဘက်ရောက်လာသည်တိုက်ထဲကို ယိုင်တိယိုင်တိုင်ဝင်လာခဲ့ပြီး ဓာတ်လှေကားထဲရောက်တော့ မိန်းကလေးတယောက်ဓာတ်လှေကားထဲမှာရှိနှင့်နေသည် သူလာတာမြင်လို့စောင့်နေတာဖြစ်နိုင်သည်မို့ အပြေးတပိုင်းသွားလိုက်သည် သူကအဝင် ဓာတ်လှေကားကအပိတ်ကွက်တိအထဲရောက်တော့ ကျောထဲချမ်းစိမ့်စိမ့်ကြီးခံစားမိသည် အရက်သောက်လာတာဖြစ်လို့ ရင်ထဲပူ နားတွေပူနေတာတောင်မှ ဓာတ်လှေကားကထဲက ရေခဲတိုက်အလားအေးစိမ့်နေသည်ထိုကြားထဲ ညှီစို့စို့ အနံ့လိုလို ပုပ်စော်နံ့လိုလိုထွက်လာပြန်သည်အရက်နံ့ကြောင့် တကိုယ်လုံးညီ ှစို့စို့အနံ့တွေတောင်ထွက်နေပေပြီမျက်ခွံတွေလည်းအတောက်ကိုလေးလံနေပြီဓာတ်လှေကားက သုံးထပ်မြောက်မှာကလင်ဆိုတဲ့အသံနဲ့ အတူ ရုတ်တရက်မီးကလည်း တဖျတ်ဖျတ်ဖြစ်ပြီး ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေသည်ရုတ်တရက်မီးက ဖျတ်ခနဲဆိုပြီးပျက်သွားတယ်စက္ကန့်ပိုင်းလောက်အကြာမှာချက်ချင်းပြန်လာတယ် သတိရလို့ နောက်ကမိန်းကလေးကိုလှည့်ကြည့်တော့မရှိတော့ဘူးဟင် ဘယ်တုန်းကထွက်သွားပါလိမ့် မြန်လိုက်တာမီးကပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး အပေါ်ထပ်ပြန်တက်ဖို့ဓာတ်လှေကားအပိတ်မှာ တံခါါးမှာတစ်စုံတစ်ခုကိုလှမ်းမြင်လိုက်ရတယ်စောစောကမိန်းကလေးက ကိုမိုးဝေနောက်မှာရပ်နေတာ ဆံပင်တွေကဖားလျားချလို့ ရပ်နေတာကအသက်မရှိသလိုတောင့်တောင့်ကြီး ရုတ်တရက်ကြက်သီးမွှေးည ှင်းများထလာသည်နောက်လည်းလှည့်မကြည့်ရဲကလင်ဆိုတဲ့ အသံကြားတော့ ထွက်မယ်အလုပ် ၃ ထပ်မြောက်ကိုပဲပြန်ရောက်နေပြန်သည် ထွက်ရမှာလားစဉ်းစားနေတုန်း သူ့နောက်ကမိန်းကလေးတရွေ့ရွေ့လှုပ်လာသည်ကိုတွေ့လိုက်သည် သေချာလည်းမကြည့်ရဲခေါင်းကိုအောက်ကိုသာစိုက်ထားလိုက်သည် ကောင်မလေးကတဖြည်းဖြည်းနဲ့ အပြင်ရောက်သွားတော့ပြီး တံခါးပြန်ပိတ်ခါနီးမှ ခေါင်းပြန်ထောင်ရဲတော့သည် ဒါပေမယ့်ကောင်မလေးက ဓာတ်လှေကားရှေ့မပဲရှိနေသေးသည်ကိုသတိထားမိလိုက်သည် မျင်လုံးကိုသူမဆီမကြည့်ဘဲအကြည့်လွဲထားလိုက်သည် တံခါးကမပိတ်သေး”အစ်ကို တက်တော့လေအပေါ်ကို ”ရုတ်တရက်ကောင်မလေးအသံကြားတော့ ခေါင်းမော့ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကိုမိုးဝေလန့်ဖြတ်ပြီး မေ့လဲသွားတော့သည်အကြောင်းမှာ စကားလှမ်းပြောတဲ့ကောင်မလေးရဲ့ကိုယ်လုံးက ဟိုဘက်လှည့်နေပြီး မျက်နှာကြီးကနောက်ကျောဘက်မှာဖြစ်နေသောကြောင့်ဖြစ်သည်လိပ်ပြာလွင့်မတတ် လန့်သွားပြီးပြန်နိုးလာတော့ စကားပြောသံတွေကြားရသည် သူမျက်လုံးဖွင့်ကြည့်တော့ အနားမှာဟ အမျိုးသမီးလေးငါးဦးရှိနေသည်”ဟယ် သတိရလာပြီ ””ဒီမယ် ငါ့မောင်သတိရပြီလား မင်းနှယ့်ကွယ် အဲ့ဒီ့လောက်လူမှန်းသူမှန်းမသိမူးပြဲနေအောင်သောက်ရလား တော်သေးတာပေါ့ ငါက ငါ့ကလေးနေမကောင်းလို့ ဟိုဘက်အခန်းမှာနေတဲ့သူနာပြုဆရာမကိုလာအနိုးဓာတ်လှေကားပွင့်လာတော့ မင့်ကို ဓာတ်လှေကားထဲမှာပက်လက်ကြီးတွေ့တာပဲ ဘယ့်နှယ့်ဖြစ်လို့ အဲ့ဒီ့အခြေနေတောင်ရောက်တုန်း ””မဟုတ်ဘူးအစ်မ ကျွန်တော်မူးတာတော့မှန်တယ် ဒါပေမယ့် ကျွန်တော်မူးပြီးလဲတာမဟုတ်ဘူး လန့်ပြီးမေ့လဲတာ ကျွန်တော်ပြောပြရင်လည်းအစ်မတို့ယုံမှာမဟုတ်ဘူး မူးုပီးရှောက်ပြောတယ်ပဲထင်မှာ မနေ့ညကဗျာ ဓာတ်လှေကားထဲမှာ သရဲတွေ့လိုက်လို့ ခေါင်းလည်နေတဲ့သရဲမကြီး”ကိုမိုးဝေစကားဆုံးတော့ အမျိုးသမီးတွေမျက်နှာတစ်ချက်ပျက်သွားတယ်”ကျွန်တော် တယ်ပြောတာဗျ အစ်မတို့မယုံဘူးမလား ””အင်း ပြောရင်တော့မကောင်းဘူး မောင်လေးပြောတာကိုယုံပါတယ် အရင်က သုံးလွှာက ဓာတ်လှေကားဖွင့်ဖွင့်ခြင်းတန်းမြင်ရတဲ့တိုက်ခန်းပေါ့ အဲ့ဒီ့တိုက်ခန်းမှာနေသွားတဲ့အမျိုးသမီးက သူ့ကောင်လေးနဲ့အတူနေတာ အဲ နောက်တော့ ထားသွားလို့ ကိုယ်ဝန်နဲ့ကျန်ခဲ့ပြီး နောက်ကောင်လေးကိုစိတ်နာပြီး သူ့ကိုယ်သူသတ်သေသွားတာအဲ့ဒီ့အခန်းမှာပဲ သူသေပြီး နောက်ပိုင်း အဲ့အခန်းနဲ့ ဓာတ်လှေကားထဲမှာပက်ပက်စက်စက်ခြောက်တာ ဘယ်လိုနှင်နှင်မရဘူး နောက်ပိုင်းဘယ်သူမှလည်းမတတ်နိုင်ဘူး ဓာတ်လှေကားထဲ တစ်ယောက်ထဲရှိနေရင်အမြဲအခြောက်ခံရတယ် ဘယ်အထပ်နှိပ်နှိပ် သုံးထပ်မှာအမြဲတမ်းရပ်ရပ်သွားတယ် အများနဲ့ဆိုအဲ့လောက်မဟုတ်ဘူး တယောက်ထဲဆိုရင်တော့ အဲ့အထပ်မှာရပ်ရင် ဘာသံကြားကြားမျက်စိသာမှိတ်ထားလိုက်တော့ ဖွင့်ကိုမကြည့်နဲ့ အခုတလောခြောက်သံ မကြားရတာ ခြောက်လလောက်တောင်ရှိပြီ မင်းလာတော့မှပဲ အသံပြန်ကြားရတော့တယ် ဆင်ခြင်ပေါ့ကွာ ”အဲ့ဒီ့နောက်ပိုင်း ဓာတ်လှေကားအားတယောက်ထဲမစီးတော့ပါ ညနက်မှအိမ်ပြန်ရင်လည်း မျက်စိစုံမှိတ် နားပါပိတ်ပြီး စီးခဲ့တော့သည် အသံဗလာတွေကြားမိပေမယ့် မကြည့်တော့ တစ်လလောက်ဆက်နေရင်း အဲ့ဒီ့အိမ်ကို ဈေးလျော့ပြီးပြန်ရောင်းထုတ်လိုက်ရသည် ကိုမိုးဝေကတော့ ကုမ္ပဏီနားကအဆောင်မှာပဲပြောင်းနေလိုက်ပါတော့သည်ပြီးပါပြီWB _Yin Nyein Aye