H.

toohush

Toohush
  • Today
  • Comics
  • Stories
  • Listen
  • Puzzles
  • Library
  • Explore
  • Setting

  • Login

Level: Reader

H.

toohush

For You Today Comics Stories Listen Puzzles Library Explore Setting
H.
Guest User
Login
Back

သူငယ်ချင်းတစ္ဆေ

March 16, 2026

ဒီနေ့ ကျုပ်တို့ဝိုင်းနဲ့ နှစ်ဝိုင်းကျော်က ဘိုးရင်ရင်မောင်ရဲ့ နှစ်ပတ်လည်လေဗျာ။ ဘိုးရင်မောင်ကြီးက လွှွတ်အသက်ရှည်တဲ့ ဘိုးတော်ကြီးဗျ။ အသက်တစ်ရာ အတိမှဆုံးတာ။ သူ့မိန်းမ ဘွားစိန်နုက ခုနှစ်ဆယ်လောက်က ကရင်းဆုံးသွားတာဗျ။ သူတို့သားသမီးတွေကလည်း တောတော်လိမ္မာ ကြတာဗျ။ဘွားစိန်နုဆုံးတဲ့ နေ့ရောက်တိုင်း ဘွားစိန်နုအတွက် တစ်နှစ်တစ်ခါ ဆွမ်းသွတ်ကြတာဗျ။ ဘိုးရင်မောင်ဆုံးတဲ့ နေ့ရောက်တိုင်းလည်း တစ်နှစ်တစ်ခါ ဆွမ်းသွတ်ကြတယ်။ ဆွမ်းသွတ်တိုင်းလည်း ကျကျနန ချက်ပြုတ် ကျွေးမွေးတာဗျ။ ချက်တာကတော့ ကျုပ်တို့ကာလသားတွေပေါ့ဗျာ။ တာတေကတော့ ရပ်ရေးရွာရေး လက်မနှေးတဲ့ကောင်ဆိုတော့ မြို့တက်ဈေးဝယ်တာကလည်း ပါတာပေါ့ဗျာ။ ချက်ပြုတ်ပီး ဧည့်ခံကျွေးမွေးတာပြီးလို့ အိုးခွက်ပုဂံကြီးတွေ ဆေးကြော ဘုန်းကြီးကျောင်းပြန်ပို့ပြီးမှ ကျုပ်တို့ အိမ်ပြန်တယ်။ဗုဗ္ဗာရုံဆရာတော်က ဟောထားတယ်ဗျ။ သေတဲ့သူတွေဟာ ကုသိုလ်ကောင်းမှုတွေ ရှိကြပေမဲ့ သေခါနီးတစ်ခုခုကို ိုစိတ်စွဲသွားရင် တစ္ဆေဖြစ်ပီး အပါယ်ကျ တော့တာပဲတဲ့ဗျ။အဲလိုတစ္ဆေဖြစ်နေရင် သူတို့မိသားစုက ကုသိုလ်ကောင်းမှုလုပ်ပီး အမျှဝေပေးတဲ့အခါ ကျွတ်လွတ်ပီး ဘဝကူး သွားကြရောတဲ့ဗျ။ ဒါပေမဲ့ တစ်ခါတစ်လေမှာ မိသားစုက ကုသိုလ်လုပ် အမျှတန်းဝေပေးပေမဲ့ တစ္ဆေဖြစ်နေတဲ့သူကအနားမှာမရှိတာမျိုးလည်း ဖြစ်တတ်တယ်တဲ့။ ဒါဆို အမျှဝေလည်း ကုသိုလ်အမျှမရတော့ မကျွတ်လွတ်နိုင်ဘဲ တစ္ဆေဘဝမှာပဲ သောင်တင် နေတတ်ကြတယ်တဲ့။ကျုပ်လည်း ဝိုင်းဝန်းလုပ်ကိုင်ပေးရင်းနဲ့ တရားနာရတာပေါ့ဗျာ။ ကျုပ်ဆရာတော် ဦးဂုဏလည်း တရားဟောကောင်းဗျ။ သူ့တရားနာပီးရင် လူတွေကနားလည်ပီး ရှင်းလင်းသွားရောဗျ။ ကျုပ်အိမ်ပြန်ရောက်တော့ ညနေ သုံးချက်တီးလောက် ်ရှိနေပြီဗျ။” တာတေရေ့နင့်အဘလည်း ကြည့်ပြောအုံးဟေ့။ ဘန့်ဘွေးကုန်းကို ဒီအချိန်ကျမှသွားမို့လုပ်နေလို့ဟေ့”” ဘန့်ဘွေးကုန်းကို အဘ ဘာသွားလုပ်မလို့တုန်း ” ကျုပ်ကမေးလိုက်တယ်။” ငါ့သူငယ်ချင်းစိန်ခိုတစ်ယောက် ခါးနာနေလို့ ခါးကြီးကုန်းပီး တုတ်ထောက်နဲ့သွားနေရတယ် ကြားလို့ ဟောဒီက လိမ်းဆေးသွားပေးမလို့ တာတေရ့”” ဘယ်ဆေးတုံး့။ အဘလိမ်းတဲ့ ဆေးဥလား “” အေးလေ့ဆေးဥထောင်းပီး အရက်ပြန်နဲ့ စိမ်ထားတာလေ။ လွတ်ကောင်းတဲ့ဆေး ဒုူးနာ ခါးနာ လိမ်းရင်မပျောက်တဲ့အခါ တစ်ခါမှမရှိဘူးကွဲ့ “” ရတယ်အဘ့ကျုပ်သွားပီး ပေးလိုက်မယ်။ အဘမသွားပါနဲ့ “အဘဆီက ဆေးပုလင်းကိုယူပီး ကျုပ် ထွက်လာခဲ့တယ်။ ဘန့်ဘွေးကုန်းနဲ့ ထန်နောင်းကုန်းဆိုတာ ကျုပ်အတွက်တော့ အိမ်ဦးနဲ့ကြမ်းပြင်လိုပါပဲဗျာ။ဘန့်ဘွေးကုန်းကို ရောက်တော့ အဘသူငယ်ချင်း ကိုစိန်ခိုအိမ်ကို တန်းသွားပီး အဘပေးခိုင်းတဲ့ ဆေးပုလင်းပေးတယ်။ ကိုစိန်ခိုတို့တည်တဲ့ ရေနွေးကြမ်းနဲ့ လက်ဖက်သုပ်လေးဝါးရင်း နဂါးဆေးပေါ့လိပ်ဖွာလို့ပေါ့ဗျာ။ဘန်ဘွေးကုန်းကိုပြန်ခဲ့တယ်။ ဘန့်ဘွေးကုန်းနဲ့ထနောင်းကုန်းကြားမှာ ဟိုလူနဲ့တွေ့ ဒီလူနဲ့တွေ့နဲ့ အချိန်တော်တော်ကြာသွားတယ်။ဘန့်ဘွေးကုန်း နယ်နိမိတ်ကိုကျော်ပီး ထနောင်းကုန်းနယ်နိမိတ်ထဲ ဝင်လာတဲ့အခါ တစ်လမ်းလုံး မန်ကျည်းပင်တွေ တမာပင်တွေနဲ့ မှောင်ရီတောင် သမ်းနေပြီဗျို့။ကျုပ်လည်း မိုးချုပ်တာနဲ့ ခြေလှမ်းကို ခပ်သုတ်သုတ် လျှောက်လိုက်တယ်။” တာတေ့တာတေ့တာတေ့”ကျုပ်ကို နောက်ကနေ လှမ်းခေါ်နေတာဗျ။ သရဲဇောက်ထိုးနဲ့ တွေ့ပီးကတည်းက နောက်ကခေါ်ရင် ကျုပ်ဘယ်တော့မှ လှည့်မကြည့်တော့ဘူးဗျို့။ ဒါပေမဲ့ ကျုပ်စိတ်ထဲမှာ ဒီအသံ ကျုပ်ရင်းရင်းနီးနီး ကြားဖူးနေတာဗျ။ ကျုပ်စဉ်းစားလာတာ။ဒါ ဘယ်သူ့အသံပါလိမ့်။ အသံက အသက်ဆယ်နှစ်ကျော်အရွယ် ကလေးသာသာအရွယ် ယောက်ျားလေးတစ်ယောက်ရဲ့ အသံဗျ။” တာတေ့ငါမင်းကိုတွေ့ချင်နေတာကွ “ကျုပ်လှည့်မကြည့်ဘူး ခပ်သုတ်သုတ် လျှောက်လာခဲ့ပြီး ရွာတံခါးကနေ ဝင်လာခဲ့တယ်။ ဒါပေမဲ့ ကျုပ်နားထဲမှာအဲဒီ့အသံက ဖျောက်လို့မရဘူးဗျာ။’တာတေ့ငါမင်းကိုတွေ့ချင်နေတာတဲ့ဗျာ’ ဒါဘယ်သူတုံး။ ကျုပ်ထိုင်ပီး စဉ်းစားနေတာဗျ။ ဒါပေမဲ့ ကျုပ်တွေးလို့ကို မရပါဘူးဗျာ။ အဘနဲ့အမေက ကျုပ်ပြန်ရောက်မှ ညစာစားကြတာဗျ။ အဲဒီညက ငါးခြောက်ရိုးလေးကို အာလူးနဲ့ ချက်ထားတာဗျ။ အညာငရုတ်ပွလေးလည်း ထည့်ထားတာဆိုတော့ ကျုပ်အကြိုက်ပေါ့ဗျာ။ ထမင်းကို အားရပါးရ စားပီးတော့ ကျုပ် နဂါးဆေးပေါ့လိပ်လေး ဖွာပီး စဉ်းစားနေတာပေါ့ဗျာ။ ဘန့်ဘွေးကုန်းနဲ့ ထနောင်းကုန်းကြားကို ကျုပ် ခေါက်တုံ့ခေါက်ပြန် သွားနေကျဆိုတာ ခင်ဗျားလည်းသိတာပဲလေ။ ကျုပ်ကို ညနေကလို ‘ တာတေ့တာတေ ‘လို့ လှမ်းခေါ်တဲ့ အသံမျိုး ကျုပ်တစ်ခါမှ မကြားဖူးခဲ့ဘူးဗျ။ကျုပ်တွေးတယ်။ တွေးတယ်။ ဒီအသံကို ကျုပ် ကောင်းကောင်း ကြားဖူးတယ်။ ဘယ်သူအသံပါလိမ့်။ သစ်ပင်ကွယ်ပီးတော့ ကျုပ်ကို နောက်ရအောင်ဆိုလည်း အသံက ဆယ်နှစ်သားအရွယ ်ကောင်လေးတစ်ယောက် အသံမျိုးဗျ။ ရွာထဲမှာ ကျုပ်ကို ကိုကြီးတာတေလို့ ခေါ်ကြတဲ့ငပြူးတို့အရွယ် ကောင်လေးတစ်ယောက်ရဲ့ အသံမျိုးဗျ။ တကယ်လို့ရွာထဲက ကလေးတစ်ယောက်က ကျုပ်ကို နောက်တယ်ဆိုရင်တောင် ကိုကြီးတာတေလို့ပဲ ခေါ်မှာဗျ။ ပြီးရင် ပုန်းနေတဲ့ သစ်ပင်ကွယ်ကနေ ပြေးထွက်ပီး ရယ်မော နေမှာပဲလေ။ ကျုပ်လည်း စဉ်းစားလို့ မရဘူးဗျာ။ ဒါနဲ့ ကိုးနာရီကျော်ကျော်လောက်တော့ အိပ်ယာဝင်လိုက်တယ်။ ကိုယ်လက်တွေလည်း နည်းနည်းနာနေတာနဲ့ စောစောပဲအိပ်ယာဝင်ခဲ့တာဗျ။ကျုပ် အိမ်မက်မက်တယ်ဗျ။ကျုပ်နဲ့ သက်တူရွယ်တူ ကောင်မလေးတစ်ယောက်ဗျ။တမာပင်ကြီးအောက်မှာ ရပ်နေတယ်။ လက်ကခပ်ပွပွပုံစံ။ အရောင်က လဝါဖျော့ဖျော့အရောင်လေး။ ထမီကလည်း ဝါဖျော့ဖျော့အရောင်လေးပဲ။ သူဆံပင်မှာ စကားပွင့်တစ်ပွင့် ပန်ထားတယ်ဗျ။ သူ့နောက်က တမာပင်ကြီးကလည်း ဖွေးဖွေးလှုပ်လို့ဗျ။ ကောင်မလေးက တမာပင်အောက်မှာ တောင့်တောင့်လေး ရပ်နေတာဗျ။ ဒါပေမဲ့ သူ့မျက်လုံးတွေ ကျုပ်ကို စိုက်ကြည့်နေတယ်ဗျ။ကျုပ်ကလည်း မလှမ်းမကမ်းမှာ ရပ်ပီး သူ့ကို ကြည့်နေတာလေဗျာ။ မလှုပ်မယှက် ရပ်နေရာကနေ ကောင်မလေးလက်တွေက လှုပ်သွားပီး သူ့နောက်ကျောဘက်က တစ်စုံတစ်ခုကို ိုဆွဲထုတ်လိုက်တယ်ဗျ။” ဟာ့”ကျုပ်လန့်ပီး နောက်ကို ခြေတစ်လှမ်းတောင် ခုန်ဆုတ် ်လိုက်မိတယ်ဗျာ။ အဝါရောင် ကောင်မလေး ဆွဲထုတ်လိုက်တာက ကောင်လေးတစ်ယောက်ဗျ။ ပုဆိုးအနီကွက်ကလေးနဲ့ စွပ်ကျယ် ချိုင်းပြတ်လေးဝတ်လို့။ ဒါပေမဲ့ အဲကောင်လေးမှာ မျက်နှာမပါဘူးဗျ။ မျက်နှာက ပြောင်ချောကြီးဗျ။ လ ဘဲဥကြီးလိုပဲ။ ရုတ်တရက်ကြီး မြင်လိုက်ရတော့ ကျုပ်လန့်သွားတယ်ဗျ။အဝါရောင်ကောင်မလေးက ကျုပ်လန့်သွားတာကို ကြည့်ပီး ရယ်တယ်ဗျ။ ပြီးတော့” တာတေ့ဒါနင့်သူငယ်ချင်းလေ “အသံကြားလိုက်မှ ကျုပ်ချက်ချင်း သိသွားတာဗျို့။ ဒါမဖဲဝါပဲ့။ သချိုင်းရှင်မ မဖဲဝါက ရုပ်ပြောင်းထားတာကိုးး။မဖဲဝါက ပြောပြောဆိုဆိုနဲ့ ကောင်လေးရဲ့ ဘဲဥမျက်နှာကို ိုသူ့လက်ဝါးနဲ့သပ်ချလိုက်တယ်။” ဟာ့အောင်ဘကြည့်”ကျုပ်ဖြင့် အံ့သြလိုက်တာ။ ဒါ ကျုပ်သူငယ်ချင်း အောင်ဘကြည်ပဲဗျ။ ဟာ့ချက်ချင်းသိသွားပီဗျ။ ညနေက ဘန့်ဘွေးကုန်းနဲ့ မီးလောင်ကုန်းက အပြန်မှာ ကျုပ်ကို လှမ်းခေါ်တာ အောင်ဘကြည်ရဲ့ အသံကိုး။ ကျုပ် လန့်နိုးသွားတယ်။ အောင်ဘကြည်ဆိုတာ ကျုပ် ငယ်ငယ်လေးထဲက ကျုပ်နဲ့ ကစားဖက်လေဗျာ။ လွှွတ်ခင်တဲ့သူငယ်ချင်းပေါ့ဗျ။ ကျုပ်မြို့ကျောင်းမှာ ပြောင်းတက်ရတော့ အောင်ဘကြည်လည်း တက်ရတာပေါ့ဗျ။ ကျုပ်တို့နှစ်ယောက် မြို့မှာအတူ သွားလာခဲ့ရတာပေါ့ဗျာ။ ဒါပေမဲ့ ဆယ်နှစ်သားလေးအောင်ဘကြည် ဖျားပီးဆုံးသွားတာဗျ။ ဒီတုန်းက ကျုပ်မှာ ငိုလိုက်ရတာဗျာ။ညနေက လှမ်းခေါ်တာ အောင်ဘကြည်ရဲ့ အသံမှန်းသိတော့ ကျုပ်ရင်ထဲမှာ မကောင်းလိုက်တာဗျာ။ မျက်စိထဲမှာ မျက်ရည်တွေ ချက်ချင်း ဝဲလာတာဗျ။ကျုပ် ဆက်မအိပ်တော့။ ထထိုင်ပီး ဆေးလိပ်ဖွာနေတယ်။ မဖဲဝါ ကျုပ်ကို အိမ်မက်ပေးတာဗျ။ အကြောင်းမရှိရင် မဖဲဝါက ကျုပ်ကို အိမ်မက်ပေးလေ့မရှိဘူးဗျ။ ဒါဆို ကျုပ် ဘာလုပ်ရမှာလဲ။ နာရီကြည့်လိုက်တော့ ည ၁၂ နာရီဘဲ ဲရှိသေးတယ်။ ကျုပ် ဆုံးဖြတ်လိုက်တယ်။ ညနေက ကျုပ်ကို ိုခေါ်တဲ့နေရာ သွားကြည့်မယ်။အောင်ဘကြည်က သုံးရက်တည်း ဖျားပီးဆုံးသွားတာ ကျုပ်တို့ တစ်ရွာလုံး ဘယ်သူမှ မထင်ကြဘူးပေါ့ဗျာ။အောင်ဘကြည်ရဲ့ မိဘတွေလည်း သူတို့သားသေပြီး တစ်နှစ်လောက်အကြာမှာ မန္တလေးဖက်ကို ပြောင်းသွားကြတယ်။ ကျုပ် မျက်ကွင်းဆေးကွင်းပီး ထွက်လာခဲ့တယ်။ အဘနဲ့အမေ မနိုးအောင် ခြေသံကို ဖွဖွနင်းပြီး ထွက်လာခဲ့တာပေါ့ဗျာ။ထနောင်းကုန်းမှာ တာတေကို လူမပြောနဲ့ ခွေးကအစ ခင်တာဗျ။ ညအချိန်မတော် ထပီးသွားလို့ကတော့ ကျုပ်ကို ဟောင်တဲ့ခွေး ရှိကိုမရှိတာဗျ။ကျုပ်ရွာပြင်ကို ထွက်ပြီး ဘန့်ဘွေးကုန်းဖက်ကို လျှောက်လာခဲ့တယ်ဗျ။ လက်ထဲမှာတော့ အဘရဲ့ ငါးတောင့်ထိုးဓာတ်မီးကို ကိုင်လို့ပေါ့ဗျာ။ ကျုပ်ကဓာတ်မီးကို အောက်ကို ခပ်စိုက်စိုက် အုပ်ထိုးထားလိုက်တယ်။” တာတေ့တာတေ့”ဟော့ခေါ်ပြန်ပြီဗျို့။ ကျုပ် ်တုံ့ခနဲ ရပ်လိုက်တယ်။ အသံကြားရာဘက်ကို ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တယ်။ တမာပင်ကြီးဗျ။ အပွင့်တွေကို ဖွေးနေတာ။ဟာ့ကျုပ်အိမ်မက်ထဲက တမာပင်ပဲဗျ။ မဖဲဝါရပ်နေတာ။ဟိုး့ဟောကနေရာလေးပေါ့။ လရောင်လေးက ဝိုးတိုးဝါးတား ရှိနေတာဗျ။ဟော့တမာပင်နောက်က ရိပ်ခနဲ တွေ့လိုက်တယ်။ ထွက်လာပြီဗျို့။ ဟုတ်ပါ့ဗျာ။ ဒါစောစောက ကျုပ်အိမ်မက်ထဲမှာ တွေ့ခဲ့တဲ့ ကောင်လေးပဲဗျ။ ပုဆိုး အနီကွက်ကလေးဝတ်လို့ဗျ။ အင်္ကျီက စောစောက ချိုင်းပြတ်စွပ်ကြယ်လေး မဟုတ်ဘူးဗျ။ ရှပ်အင်္ကျီ ီအဖြူလေး ဝတ်ထားတာ။ သူကခေါင်းငုံ့ပြီး ရပ်နေတာဗျို့။ ဘုရား့ဘုရား့အိမ်မက်ထဲမှာ ပထမမြင်ရတဲ့ ဘဲဥလိုဘဲ ပြောင်ချောကြီးများလား ကျုပ်တွေးမိပြီး လန့်သွားတယ်။ဟော့ခေါင်းကြီးငုံ့ထားရာကနေ တဖြည်းဖြည်းမော့လာပြီ။ ” ဟာ့အောင်ဘကြည် “ကျုပ်အိမ်မက်ထဲမှာ တွေ့ခဲ့တဲ့အတိုင်းပဲဗျာ။ မရယ်မပြုံးနဲ့ ကျုပ်ကို စိုက်ကြည့်နေတာ။ ဘာမှလည်း မပြောဘူး။ ဒီကောင် စကားတွေ ဘာတွေမှ ပြောနိူင်ရဲ့လား။ သြော့်ညနေကရော စောစောကပါ ကျုပ်နာမည်ကို ခေါ်သေးတာပဲ။” အောင်ဘကြည့်မင်းခုထိ မကျွတ်သေးဘူးလား “ကျုပ်စိတ်မကောင်းဖြြစ်ပီး မေးလိုက်တယ်။” ဟုတ်တယ့်တာတေ။ ငါခုထိ မကျွတ်သေးဘူး။လာ့ထိုင်ကွာ။ မင်း ငါ့ကိုမြင်နေရတာ ငါအံ့သြ လွန်းလို့ပါကွာ။ မင်းရော ငါ့လို တစ္ဆေဖြစ်နေပြီလား “” ဟာ့မဟုတ်ပါဘူးကွာ့အောင်ဘကြည်ရ။ငါတစ္ဆေဆိုရင် ခုလို ဓာတ်မီးထိုး နိုင်ပါ့မလားကွ “ကျုပ်ပြောပြော ဆိုဆို ဓာတ်မီးကို ဖွင့်လိုက် ပိတ်လိုက် လုပ်ပြ လိုက်တယ်။” ဟာ့တာတေကလည်း တစ္ဆေထဲမှာလည်း မီးအိမ်တစ်လုံးနဲ့လျှောက်သွားနေတဲ့ တစ္ဆေရှိတာပေါ့ကွ “” ဟေ့ဘယ်လိုကြောင့်တုံးကွ “” သူက ကင်းစောင့်တဲ့ အဘိုးကြီးလေကွာ။ သူသေသွားတော့ မကျွတ်လွတ်ပဲ ကင်းဆက် စောင့်နေတာပေါ့ကွ။ လူတွေတော့ မမြင်ရဘူးပေါ့ကွာ။ငါတို့ တစ္ဆေအချင်းချင်းတော့ မြင်ရတာပေါ့ “ဒီကောင်က သေသွားတုန်းက အရွယ်ပဲဗျ။ ဆယ်နှစ်သားလောက်ပေါ့။ ဒီကောင်နဲ့ကျုပ်က ခုလိုပဲဗျ။ တွေ့တာနဲ့ စကားတွေ အများကြီးပြောကြတာ။ကျုပ်က သမုန်းပင်အောက်မှာ ထိုင်လိုက်တယ်။ ကျုပ်သူငယ်ချင်း တစ္ဆေက တမာပင်အောက်မှာ ထိုင်တယ်။ သူနဲ့ ကျုပ်နဲ့ တစ်လံကျော်ကျော်လောက်ဘဲ ဝေးတာဗျ။” ညနေတုန်းက ငါဘန့်ဘွေးကုန်းအပြန်မှာ လှမ်းခေါ်တာမင်းပဲမို့လား “”အေး့ဟုတ်တယ်။ မင်းကြားမလားလို့ ခေါ်ကြည့်တာကွ။ မင်းကြားတယ်မလား။ ဒါနဲ့တောင် တစ်ချက်ကလေးမှ ှလှည့်မကြည့်ခဲ့ဘူးကွာ။ ငါကတော့ ငါခေါ်တာ မကြားဘူး ထင်နေတာကွ “” ငါကြားတယ့်အောင်ဘကြည်ရ။ ဒါပေမဲ့ နာမည်ခေါ်သံကြားရင် ဘယ်တော့မှ နောက်လှည့်မကြည့်ရဘူး။မထူးရဘူးလို့ မှာထားလို့ပါကွ “” နို့နေပါအုံး တာတေရ။ မင်းက ငါ့လို တစ္ဆေတစ်ကောင်ကို ဘာလို့မြင်ရတာတုံး။ လူတွေက တစ္ဆေ သရဲတွေကို မြင်ရတာမှ မဟုတ်တာကွ။ မင်းဘာကြောင့် မြင်ရတာတုံး။ ပြီးတော့ မင်းနဲ့ငါ စကားပြော နေရတာရော ဘာကြောင့်တုံး။ မင်းငါ့ကို နောက်နေတာ မဟုတ်ပါဘူးနော်”” ဟေ့ငါက မင်းကို ဘာနောက်ရမှာတုံး အောင်ဘကြည်ရ့”” မင်း ငါ့လိုတစ္ဆေမဟုတ်တာတော့သေချာတယ်နော် တာတေ”” ဟာ့ငါတစ္ဆေမဟုတ်ပါဘူး အောင်ဘကြည်ရ။ ငါလူပါ့ကွ။ ငါ့ကို ရှမ်းဆရာကြီးတစ်ယောက်က မျက်ကွင်းဆေး ပေးဖူးတယ်။ အဲဒီဆေးကို ကွင်းထားလို့ မြင်နေရတာကွ “” ဟေ့ဒါဆို မင်အမြဲ မြင်နေရောပေါ့ “” မဟုတ်ဘူး အောင်ဘကြည်ရ။ ဝကွင်း ဆနွင်းဖြူဥတွေ ငါ့မှာရှိတယ်။ အဲဒါကို သွေးပီးလိမ်းလိုက်ရင် ပျောက်သွားရောကွ “” သြော့်ဒီလိုလား။ နို့အဲဒီဆေးက မျက်စိကွင်းတာနဲ့တင် အသံပါ ကြားရလား “” မကြားရဘူးကွ။ ကြားရတာက မဖဲဝါရဲ့ ကိုယ်ခွဲရုပ်လေးကြောင့်ပဲ။ အဲဒီ ကိုယ်ခွဲရုပ်လေး ငါ့ကို ပေးပြီးကတည်းက ငါတစ္ဆေသရဲတွေရဲ့ အသံကို ကြားနေရတာ “” ဘယ်လို့မဖဲဝါ ဟုတ်လား။ မင်း့မဖဲဝါကို သိလို့လား “” သိတယ် အောင်ဘကြည်။ ငါနဲ့မဖဲဝါနဲ့ သိတာကြာလှပြီ “” ဟာ့မဖဲဝါဆိုတာ တစ္ဆေ သရဲတွေ တုန်နေအောင် ကြောက်ရတာကွ။ မဖဲဝါကို မပြောနဲ့ သူ့အောက်က အဆင့်ဆင့်အုပ်ချုပ်တဲ့ တစ္ဆေ သရဲတွေကိုတောင် တုန်နေအောင် ကြောက်ရတာ မင်းရော မကြောက်ဘူးလား တာတေ့”” ငါကလူလေကွာ့။ ပြီးတော့ မဖဲဝါကို ခပ်လှမ်းလှမ်းကဘဲ ငါကမြင်ရတာကွ။ အနီးကပ် မြင်ပြီဆိုလည်း သူက ငါကြောက်မှာစိုးလို့ ငါနဲ့ရွယ်တူ ကောင်မလေးတစ်ယောက် ပုံစံပြောင်းထားတာကွ့”” သြော့်ဒီလိုလား “” ဒီည့ညဦးပိုင်းကပဲ မဖဲဝါ ငါ့ကိုအိမ်မက်ပေးလို့ ငါမင်းဆီကို ချက်ချင်းထလာခဲ့တာ။ ညနေကတည်းကငါ့ကို လှမ်းခေါ်တာ မင်းမှန်းသိရင် ငါပြန်လှည့်လာမှာပေါ့ကွ”” အေး အဲဒီတုန်းကသာ မင်းငါ့ကိုမြင်ရင် ခုလို စကားထိုင်ပြောနေမှာ မဟုတ်ဘူး။ တစ်ချိုးတည်း လှည့်ပြန်ပြေးမှာ “” ဟေ ဘာဖြစ်လို့တုန်း “” ညနေက အထိ ငါ့မျက်နှာက ပြောင်ချောချောကြီး ဖြစ်နေတာကွ။ ဘဲဥကြီးတစ်လုံးလိုပဲ မင်းမြင်ရမှာ “” ဟာ့ဒါဆို ငါ့အိမ်မက်ကဟာ့တကယ်ပေါ့ “” မင်းအိမ်မက်က ဘယ်လိုမို့တုန်း “” အိမ်မက်ထဲမှာ မင်းမျက်နှာက စောစောကပြောသလို ိုပြောင်ချောကြီးကွ။ မျက်စိတွေ နှာခေါင်းတွေ ပါးစပ်တွေ ဘာမှမတွေ့ရဘူး။ အဲဒါ မဖဲဝါက မင်းရဲ့မျက်နှာကို လက်နဲ့သပ်ချလိုက်တာကွ။ ဒီတော့မှ မင်းရဲ့နဂို မျက်နှာပေါ်သွားတာ “” ဟာ့မင်းအိမ်မက်က ဟုတ်လှချေလားကွ။ မင်းခုနက ပြောတဲ့အတိုင်းပဲ။ ငါ့မျက်နှာကို မဖဲဝါသပ်ချပေးသွားတာကွ “” နို့နေပါအုံး အောင်ဘကြည်ရ။ မင်းက ခုထိ တစ္ဆေဖြစ်နေတုန်း ဆိုတော့ မင်းမိဘတွေ မင်းကို အမျှဝေပေးတုန်းက မင်းသာဓု မခေါ်ခဲ့ရဘူးလားကွ “” ဟုတ်တယ့်တာတေ။ ငါအဲဒီအကြောင်းကို တွေးမိတိုင်း ငါအမြဲ ဝမ်းနည်းခဲ့ရတာကွ။ ငါသေသွားတော့ ငါဒီ တမာပင်မှာပဲ တစ္ဆေလာဖြစ်တယ်။ ငါကိုယ့်ငါ သေသွားမှန်း ငါမသိဘူးကွ။ ဒီတမာပင်မှာနေတဲ့ ပြိတ္တာပြောပြမှ သိရတာ။ အဲဒီပြိတ္တာက တစ်ကိုယ်လုံး အမွှွေးတွေ ဖုံးလို့ကွ။ ငါ့လို အဝတ်တောင်မရှိဘူး။ အဝတ်အစားဝတ်ရတာ မဝတ်ရတာ ပုံပျက် ပန်းပျက်ဖြစ်နေတာဟာ လူ့ဘဝက အကုသိုလ် အနည်းအများနဲ့ဆိုင်တယ်ကွ။ ငါလူ့ဘဝတုန်းက လောက်လေးခွပစ်တာ လွှွတ်လက်ဖြောင့်တဲ့ကောင်လေကွာ။ ငှက်တစ်ကောင်ကို ပစ်ရင်ခေါင်းကိုပဲ ထိတာကွ။ မင်းလည်း ငါ့အကြောင်းသိတာပဲကွ။ ဒီနေ့ကတော့ ငှက်တစ်ကောင်ကို ခေါင်းထိအောင် ပစ်နိူင်တဲ့ကိစ္စကို ဂုဏ်ယူစရာလို့ ထင်နေတာပေါ့ကွာ။ ငှက်တစ်ကောင်ကို ခေါင်းထိအောင် ပစ်နိူင်တယ်ဆိုတော့ ခေါင်းရော မျက်နှာရော ကြေမွသွားတာကွ။ ငါတစ္ဆေဖြစ်တော့ မျက်နှာမှာ ပြောင်ချောကြီးဖြစ်ရတာ။ အဲဒီ အကုသိုလ်ကံကြောင့်ပေါ့ကွာ”” နို့သာဓု ခေါ်ရလား့မခေါ်ရလားးပြောအုံးလေကွာ “” အေးပါ့ပြောပါ့မယ်ကွ။ ငါ့ကို ရက်လည် ဆွမ်းသွတ်တဲ့နေ့ကို စောင့်နေတုန်း ဒီတမာပင်မှာ ငါနဲ့အတူနေတဲ့ ပြိတ္တာက ရုံးဒေါင့်က ဘုရားပွဲကို သွားမယ်တဲ့ကွ။ အဲဒီမှာ ငါတို့လို တစ္ဆေတွေ အများကြီးလာတယ်။ ပြီးတော့ ဘုရားပွဲမှာ ကျွေးမွေးတဲ့ အစားအစာဆိုတာ ဘယ်တစ္ဆေသူရဲမဆို စားသောက်ခွင့်ရှိတယ်။ ပြိတ္တာတွေလည်း စားခွင့်ရှိတယ်။ တကယ်ပျော်ဖို့ ကောင်းတာလို့ ပြောတော့ ငါလည်း စိတ်ဝင်စားပြီး လိုက်သွားတာကွ။ အဲဒီကတည်းက ငါဒီနေရာကို ပြန်မရောက်တော့တာ။ ဒီနေ့မှ ဒီတမာပင်ကို ငါပြန်ရောက်လာတာ “ကျုပ် တမာပင်ပေါ်မော့ပီး လိုက်ကြည့်တယ်။ ဒါပေမဲ့ ဘာမှမတွေ့ဘူးဗျ။” တာတေ့မင်းဘာကို လိုက်ကြည့်တာတုံး့”” မင်းနဲ့ အတူနေတယ်ဆိုတဲ့ ပြိတ္တာကိုရှာတာကွ့”” ဟာ့အဲဒီပြိတ္တာ မရှိတော့ဘူးကွ။ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ဲကျွတ်သွားပြီ “” ဟေ့ဟုတ်လားကွ။ မင်းသူနဲ့ လိုက်ပြီး ဘယ်တွေ သွားနေတာတုံးကွ “” ဟာ့နှံ့နေတာပဲကွာ။ အဲဒီပြိတ္တာနဲ့ ငါနဲ့ သွားရင်းလာရင်းနဲ့ ဟိုသရဲက ခေါ်သွားလိုက် ဒီသရဲက ခေါ်သွားလိုက်နဲ့ ခရီးဆက်ဆက်သွားလိုက်တာ အချိန်တောင် ဘယ်လောက် ကြာခဲ့လဲမသိဘူး။ ခနလေးဘဲ ထင်တာ ငါသတိရလို့ ပြန်တွေးကြည့်လိုက်တော့ ခြောက်နှစ်လောက်ကြာသွားမှန်း သိရတာကွ “” အေး့ဟုတ်တယ့်အောင်ဘကြည်ရ။ မင်းဆုံးသွားတာ ခြောက်နှစ်ထဲ ရောက်နေပြီကွ။ ငါလည်း မင်းကို ခဏ ခဏ သတိရပါတယ်ကွာ “” ငါယုံပါတယ်ကွာ။ ငါလည်း တစ္ဆေဘဝကနေ မင်းကို သတိရနေတာကွ။ ငါဒီတမာပင်ကို ဒီမနက်ပြန်ရောက်တယ်။ ညနေကျတော့ မင်းကို တန်းတွေ့တာပဲ။ ငါဖြင့် မင်းကို တွေ့တွေ့ချင်း ဝမ်းသာလိုက်တာ။ ဒါနဲ့ အားရဝမ်းသာ လှမ်းခေါ်တာ။ မင်းမကြားဘူး ထင်နေတာကွ “” မင်း့အဲလိုလျှောက်သွားတော့ တစ္ဆေသရဲတွေ အများကြီး တွေ့မှာပဲနော် “” ဟာ့တာတေကလည်း ငါကိုယ်တိုင် တစ္ဆေပဲဟာ တစ္ဆေသရဲတွေနဲ့ တွေ့မှာပေါ့ဟ့”” ငါ့ကို နည်းနည်းလောက် ပြောပြစမ်းပါကွာ။ငါသိချင်လို့ပါ “” တာတေ့ငါတို့လူတွေ ပြောပြောနေကြတဲ့ တစ္ဆေ သရဲ ဖုတ် သဘက် မှင်စာ ဥစ္စာစောင့် ကျတ် ဆိုတာအားလုံးက ပြိတ္တာတွေပဲကွ။ ငါသေခါစ ရက်မလည်ခင်မှာ ငါ့အမေက ငါစားဖို့ဆိုပြီး ဝိုင်းထောင့်မှာ ငှက်ပျောဖက်နဲ့ ထမင်းဟင်းတွေ အမြဲကျွေးတယ်ကွ။ ရက်မလည်မချင်း ငါအဲဒါကို စားခွင့်ရှိတယ်။ ငါသွားသွားစားတယ်ကွ။ ငါ့ရဲ့အသုဘအိမ်မှာလည်း မင်းကိုလည်း ငါတွေ့တယ်။ လူတွေက ငါထမင်းစားနေတာကို ကြည့်လိုက်ရင် ်ခွေးနက်လေးတစ်ကောင် ထမင်းစားနေတာပဲ မြင်ရတာ။ ဒီမှာတင် မင်းက ခွေးကိုမောင်းမယ် လုပ်တော့ ဘိုးခင်မောင်က မင်းကိုပြောသေးတယ်လေ။ တာတေ မမောင်းနဲ့ အပဆိုတာ ခွေးကို မှီပြီးစားသောက်ရတာ မျိုးလည်းရှိတယ်။ မမောင်းနဲ့လို့ မင်းကိုပြောတော့မှ ှမင်းမမောင်းပဲ ကြည့်နေတာလေ။ ဒီတုန်းက ငါတောင် အံ့သြသွားတာကွ။ လူတွေက ဘာလို့ ငါ့ကို ခွေးလို့ မြင်နေကြတာလဲဆိုတာ ငါခုထိ စဉ်းစားလို့မရဘူးကွ “ဒီကောင်ပြောတာ ကျုပ်မှတ်မိတယ်။” နောက်တော့ စောစောက ပြောသလို ငါနဲ့တမာပင်က ပြိတ္တာနဲ့လိုက်သွားလိုက်တာ ခြောက်နှစ်ကြာသွားတာပေါ့ တာတေရ့”” မင်းတို့ ရုံးဒေါင့် ဘုရားပွဲသွားကြတယ်ဆို့”” အေး့ဟုတ်တယ်။ ငါတို့လို အကုသိုလ်နဲ့ တစ္ဆေတွေက သိပ်ပုံပျက်ပန်းပျက် မနိူင်ဘူးကွ။ ဒါပေမဲ့ အကုသိုလ်ကြီးလို့ သရဲ သဘက်ကြီးတွေ ဖြစ်နေတဲ့ကောင်တွေက အနှစ် ၆၀၀ ၇၀၀တောင် ရှိနေကြပြီကွ။ သူတို့ဝဋ်ကြွေးတွေ အားမကုန်နိူင်သေးဘူး။ ဒီကောင်မျိုးတွေက အစားကို စားချင်တိုင်း စားလို့မရဘူးကွ။ ရေလည်း သောက်ချင်တိုင်း သောက်လို့မရဘူး။ သူတို့စားမို့ သောက်မို့ လက်လှမ်းလိုက်တာနဲ့ အစားအသောက်တွေက ပျောက်ပျောက်ကုန်တာကွ။ သူတို့ဆာလောင်ပြီးတော့ အမြဲနေကြရတာ။ ငါတို့လို အကုသိုလ်နည်းတဲ့ တစ္ဆေတွေက ဝဝလင်လင် စားကြရပါတယ်။ အဲလိုမစားရတဲ့ ကံရှိရဲ့သားနဲ့ ဇွတ်ယူစားရင်တော့ သေဖို့သာပြင်ထားဟေ့။ နားကားကြီးနဲ့ သူတပည့်သရဲကြီးတွေ ရောက်လာပြီး အဲဒီကောင်တွေကို သစ်ပင်မှာ ဇောက်ထိုးဆွဲ ဆူးခက်တင်းပုတ်နဲ့ ထုတော့တာဟေ့။ ဗိုက်ကို ခြေထောက်နဲ့ကန် ခေါင်းနဲ့ဆောင့် လုပ်ကြတာ။ စားထားတဲ့ အစာတွေ အကုန်လုံး ပြန်မကျမချင်း တွယ်တော့တာကွ။ အစာတွေ အကုန်ထွက်ကျတော့မှ ပြန်လွတ်လိုက်တာ။ ဒီတော့လည်း ဒီကောင်တွေ မစားရဲဘူးပေါ့ကွာ။ ဘုရားပွဲရှိလို့ ဆွမ်းတော်ကြီးတင်တဲ့ ဆွမ်းတော်စွန့်တွေ ချကျွေးတော့ ဘယ်ကောင်မဆို စားခွင့်ရှိတယ်။ အားလုံး ပျော်ပြီး စားကြတာပေါ့ကွာ။ ငါတို့လို အမြဲစားနေရတဲ့တစ္ဆေတွေက ဝင်ပြီး မလုစားကြဘူးကွ။ အဲဒီငတ်နေတဲ့ ပြိတ္တာတွေကို ိုဦးစားပေးပြီး ကျွေးကြတာပါပဲ “” မင်းတို့ ရုံးဒေါင့်ဘုရားပွဲပြီးဘယ်ကို ဆက်သွားကြတုံးကွ “” အဲဒီပွဲ မပြီးခင် အနယ်နယ်အရပ်ရပ်က တစ္ဆေတွေ ပြိတ္တာတွေ တော်တော်စုံတဲ့ပွဲကိုကွ။ တစ်ချို့ အကောင်ကြီးတွေက ကြောက်စရာ ပုံပန်းကြီးတွေနဲ့ပေါ့ကွ။ အဲဒီအထဲမှာပါလို့ တစ္ဆေတစ်ကောင် တောင်လန့်သွားတဲ့ သရဲကြီးတစ်ကောင်တောင် တွေ့တယ်ကွ။ အကောင်ကြီးက မတ်တပ် ထရပ်လိုက်ရင် ထန်းပင်တစ်ဝက်လောက် မြင့်မယ် ကိုယ်လုံးကလည်း အကြီးကြီးပဲကွာ။ ခြေထောက်တွေက တစ်ဖက်တစ်ဖက်ကို ထန်းပင်လုံး ပတ်လောက်ရှိတာကွ။ ပါးစပ်ကြီးတွေက တစ်တောင်လောက် ကျယ်တယ်။ သူလျှာကြီးက အမြဲတွဲလောင်းကြီး ကျနေတာကွ။ ဖျာလိပ်ကြီး တစ်လိပ်လိုပဲ။ အဲဒီလျှာနီနီကြီးကို ဒီကောင်ကြီးက လိပ်ထားတာကွ။ အစာစားခါနီး ဖြေချလိုက်ပြီ ဆိုရင် မြေကြီးနားထိ ကျလာတာဟေ့”” ဟာ့ကြောက်စရာကြီးပါလားကွ “” အေး့အကုသ်ုလ်နည်းတဲ့တစ္ဆေတွေက တစ်ယောက်နဲ့ တစ်ယောက် ပြောကြ ဆိုကြ မိတ်ဖွဲ့ကြနဲ့ပေါ့ကွာ။ အဝတ်စားတွေလည်း ဝတ်ထားကြတယ်။ ဘာနဲ့တူနေတုံးဆိုရင် အနယ်နယ် အရပ်ရပ်ကလာတဲ့ ဘုရားဖူး ဧည့်သည်လိုပဲပေါ့ကွာ။ အဲဒီမှာ သတင်း အမျိုးမျိုးရတာဟေ့။ ဒီဘုရားပွဲပြီးရင် ဘယ်မှာ ဘုရားပွဲရှိတယ်။ အဲဒီမှာဆို ဘယ်လို ပျော်စရာကောင်းတယ်။် ဘာညာပေါ့ကွာ။ တစ်ချို့နယ်တွေက ငါတို့သွားလို့ရတာ ရှိသလို။ တစ်ချို့နယ်တွေကလည်း ငါတို့သွားလို့ မရဘူးကွ။ သွားလို့ရတဲ့နယ်တွေဆို လိုက်သွားတာပေါ့ကွာ “”သြော့်မင်းတို့ ဘယ်ဖက်တွေ ရောက်ခဲ့ကြတုံး “” တာတေရေ့ရောက်တာတော့ မပြောနဲ့တော့ ရှမ်းပြည်ဖက်ရော ကရင်ပြည်နယ်ဘက်ရော အောက်ပြည် အောက်ရွာရော စုံနေတာပဲ။ ငါနဲ့တမာပင်မှာ အတူနေတဲ့တစ္ဆေက ပုံသာဆိုးတာကွ။ လူချစ်လူခင့်အဲ့ သရဲချစ်သရဲခင်တော့ ပေါသားကွ။ ဒါပေမဲ့ ဒီကောင်က သနားဖို့ ကောင်းပါတယ်ကွာ။ သူ့ပါးစပ်ပေါက် သေးသေးလေးထဲကို အစာကိုဖက်နဲ့ လိြပ်ပီး အကြာကြီး ထိုးသွင်းနေရတယ်။ တစ်လိပ်ဝင်ဖို့ တစ်နာရီနှစ်နာရီလောက် ကြာတာကွ “” ဟေ့ဟုတ်လားကွ “” ဟုတ်တယ့်သူထက်ဆိုးတဲ့ ပြိတ္တာတွေလည်း ရှိတာပေါ့ကွာ။ အေး့အဲဒီလိုသွားရင်း လာရင်းနဲ့ ရှမ်းပြည်ဘက်ရောက်တော့ ညောင်ပင်ကြီးတစ်ပင်မှာ နေတဲ့ ရုက္ခစိုးနဲ့တွေ့တယ်ကွ “” ဟာ့ဟုတ်လားကွ “” အေး့အဲဒီရုက္ခစိုးရဲ့ အဝတ်တန်ဆာတွေက ပြောင်ပြောင်လင်လက် အရောင်တွေ ထွက်နေတာဟေ့”” အေးအေး့ပြောပါအုံးသူငယ်ချင်းရ “” အဲဒီရုက္ခစိုးကြီးက ငါနဲ့ပြိတ္တာကိုခေါ်ထားတယ်။ ပြီးတော့ သူနေတဲ့ နေရာနားက ဘော်ကြိုဘုရားကို ဖူးခိုင်းတယ်ကွ။ ငါနဲ့ပြိတ္တာနဲ့လည်း ဘော်ကြိုဘုရားကို အာရုံပြုပြီး ရှိခိုးလိုက်ကြတာ။ နှစ်နာရီလောက်ကို ကြာသွားတာဟေ့။ ရင်ထဲမှာလည်း စိတ်ချမ်းသာ ကြည်လင်နေတာကွ။ ပြီးတော့ သူ့ဗိမာန်ရှိတဲ့နေရာကို ပြန်လာခဲ့ရမယ်လို့ ရုက္ခစိုးကြီးက မှာလိုက်တယ်။ ဒါနဲ့ငါတို့နှစ်ကောင် သူဆီ ီပြန်သွားကြတာပေါ့။ ဟိုရောက်တော့ ရုက္ခစိုးကြီးကပြောတယ်။ ငါရော ပြိတ္တာရော လူပြန် ်ဖြစ်ရတော့မယ်တဲ့ကွ “” ဟေ့ဟုတ်လား့အောင်ဘကြည်ရ။ ငါ့ဝမ်းသာလိုက်တာကွာ “ကျုပ်တကယ်ကို ဝမ်းသာသွားတယ်ဗျ။” အေးအေး့ ငါပြောပြအုံးမယ်။ သူအဲလို ိုပြောလိုက်တာနဲ့ တစ်ပြိုင်နက်ထဲ ပြိတ္တာကိုယ်က အမွေးအမျှင်တွေ အကုန်ပျောက်သွားပြီး အဝတ်အစားနဲ့ ပုံမှန်ရုပ်ရည် ပြန်ဖြစ်သွားတယ်။ တစ္ဆေလေး ငါသွားပြီဟေ့ဆိုပြီး အရှေ့စူးစူးကို ထွက်သွားတယ်ကွ။ ပြိတ္တာထွက်သွားတော့မှ ရုက္ခစိုးကြီးက ငါ့ကိုပြောတယ်ကွ။ တစ္ဆေလေး မင်းကတော့ မင်းနေတဲ့ ဒေသမှာပဲ လူပြန်ဖြစ်မှာကွ။ ဒီတော့ မင်းလာခဲ့တဲ့ နေရာကို ပြန်ပေတော့လို့ ပြောတယ်ကွ။ ဟိုရောက်ရင် မင်းမျက်နှာကို မဖဲဝါ ပြောင်းပေးလိမ့်မယ်တဲ့ “” ဟာ့ရုက္ခစိုးကြီးက အဲလိုပြောတာလားကွ “” ဟုတ်တယ့်တာတေ။ အဲလိုပြောလိုက်တော့ ငါလည်း ငါနေခဲ့တဲ့ တမာပင်ကို သတိရသွားတယ်။ အဲ့လို သတိရလိုက်တာနဲ့ ချက်ချင်းဘဲ ငါတမာပင်ကြီးပေါ် ပြန်ရောက်လာတယ်ကွ။ ညနေကျတော့ မင်းကို ငါတွေ့တာပဲဟေ့။ မင်းမရောက်လာခင် စောစောကပဲ ရုက္ခစိုးကြီး ပြောလိုက်တဲ့ မဖဲဝါရောက်လာပြီး ငါ့မျက်နှာကို သပ်ချပေးသွားတာကွ “” သြော့်ဒါဆို မင်းလူပြန်ဖြစ်တော့မှာပေါ့ ဟုတ်လား။နို့ငါတို့ရွာမှာဘဲ ပြန်ဖြစ်မလားကွ “” အဲဒါတော့ ငါမသိသေးဘူး့တာတေ။ ဒီတိုင်းလည်း ဖြစ်မှာမဟုတ်ဘူး “” ဟေ့ဘာလိုသေးလို့တုံး့အောင်ဘကြည်ရ “”ဒီလိုကွ့။ ငါ့မိဘတွေ ဆွမ်းသွြတ်ပီး အမျှဝေတုန်းက ငါသာဓု မခေါ်လိုက်ရဘူးလေကွာ။ သာဓုခေါ်ပြီးမှ ငါကျွတ်မှာကွ။ အဲဒီကိစ္စကို မင်းဘဲ တာဝန်ယူပြီး ပြောပေးပါကွာ “” ဟေ ဘာကိုပြောပေးရမှာတုံး့အောင်ဘကြည်ရ “” ငါ့အဖေနဲ့ အမေကို ဆွမ်းပြန်သွတ်ပေးဖို့လေကွာ “အောင်ဘကြည်ပြောတာ ကြားတော့ ကျုပ် စိတ်မကောင်းဘူးဗျာ။” အောင်ဘကြည် မင်းဆုံးသွားတော့ မင်းမိဘတွေ တော်တော်စိတ်ထိ ခိုက်သွားကြတယ်။ ဒီရွာမှာ ဆက်ပြီး မနေချင်တော့ဘူးဆြိုပီး မန္တလေးဘက်ကို ပြောင်းသွားတယ်ကြတာ။ ကြာရောပေါ့သူငယ်ချင်းရာ့”” ဟာ့ဟုတ်လားတာတေ “ဒီကောင် မျက်နှာမကောင်း ဖြစ်သွားတယ်ဗျ “” အေး့ဒါပေမဲ့ မင်းမပူပါနဲ့ကွာ။ မင်းကြီးတော် ဒေါ်လုံးတင် တစ်ယောက်လုံးရှိတယ် လေကွာ။ ငါ အရီးလုံးတင်ကို အကျိုးအကြောင်း ပြောပြပြီး အားလုံးစီစဉ်ပေးမယ်။ ပြီးတော့ ငါတို့ဆရာတော် ဦးဂုဏကို တရားဟောဖို့ ပင့်ပေးမယ် “” သြော့်အေး။ မင်းပဲကောင်းသလို စီစဉ်ပေးပါတော့ကွာ “” စိတ်ချနေ့အောင်ဘကြည်။ ဒါပေမဲ့မင်းဒီတစ်ခါ ဘယ်မှ ထွက်သွားလို့မရဘူးနာ်။ ဒီတစ်ခါ လွဲသွားလို့မဖြစ်ဘူးကွ “” အေးပါ့တာတေရာ။ ငါဘယ်မှ သွားလို့မရဘူး။ စိတ်ချ ငါသွားလို့မရအောင် မဖဲဝါကြီးက ငါ့ကို အစောင့်ချထားတယ်။ ဒီကောင်ကြီးကငါ့ကို အမြဲစောင့်နေမှာ “” ဟေ့ဘယ်မှာတုံး့”” မြောက်ဘက် ဘန့်ဘွေးပင်မှာလေ”အောင်ဘကြည်ပြောလို့ ကျုပ်မြောက်ဘက် ဘန့်ဘွေးပင်ကို မသိမသာ လှည့်ကြည့်လိုက်တယ်။ ဟုတ်ပါ့ဗျာ။ ဘန့်ဘွေးပင်ကြီးမှာ ကပ်ပြီးရပ်နေတာ သစ်ပင်နဲ့ တစ်သားထဲကို ဖြစ်နေတာဗျ။ သရဲကြီးတစ်ကောင် နည်းတဲ့အရပ်ကြီး မဟုတ်ပါဘူးဗျာ။ လက်စသပ်တော့ မဖဲဝါက အောင်ဘကြည်ကို အစောင့်ချ ထားတာကိုး။ကျုပ်လည်း အောင်ဘကြည်ကို နှုတ်ဆြက်ပီး ရွာပြန်လာခဲ့တယ်။ မနက်ရောက်တော့ ဆရာတော်ကို အကျိုးကြောင်း အားလုံး လျှောက်တင်တယ်။ ဆရာတော်က အောင်ဘကြည်ရဲ့ ကြီးတော် ဒေါ်လုံးတင်ကိုခေါ်ပြီး ဆွမ်းသွတ်စေတယ်။ အရီးလုံးတင်လည်း သူ့တူလေး သတင်းကြားတော့ စိတ်မကောင်းဖြြစ်ပီး ဆွမ်းသွတ်ဖို့ ပြင်တာပေါ့ဗျာ။ အဲဒီနေ့က ကျုပ် မျက်ကွင်းဆေး ကွင်းပြီး အောင်ဘကြည်ကို သွားခေါ်တယ်။ ဆရာတော်က တရားဟောတော့ ဒီကောင် ကျုံ့ကျုံ့လေးထိုင်ပြီး သေသေချာချာ တရားနာနေတာဗျ။ တရားဆုံးတော့ ရေစက်ချတယ်။ အမျှဝေတယ်။ ကျုပ် သေသေချာချာ ကြည့်နေတာဗျ။ ကျုပ်သူငယ်ချင်း တစ္ဆေက သာဓု သုံးကြိမ် ခေါ်လိုက်တာဗျ။ ဟော့ ပျောက်သွားပြီ။ ကျုပ်သူငယ်ချင်း တစ္ဆေပျောက်သွားပြီဗျို့။ ကျုပ်ဖြင့် ဝမ်းသာလိုက်တာဗျာ။ မျက်ရည်ဝဲပြီး ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူးဗျာ့။အောင်ဘကြည်ရဲ့ ကြီးတော် အရီးဒေါ်လုံးတင်နဲ့ ဆရာတော်လည်း အမျှတွေ သာဓုခေါ်ပြီးတော့ ကျုပ်ကို လှမ်းကြည့်တော့ ကျုပ်လည်း ဝမ်းသာအားရလွန်းလို့ ပါးစပ်က မပြောနိင်ဘဲ ကျွတ်လွတ်သွားပြီဆိုတဲ့ အဓိပ္ပာယ်နဲ့ ခေါင်းညိတ်ပြလိုက်တယ်…။ ပြီးပါပြီ

Share Post
Copy Link Facebook Telegram

COMMUNITY TOP 5

🏆
1 myat_min
53 ⚡
2 Myat Min
30 ⚡
3 myu min thet
2 ⚡
4 Anawma 1
1 ⚡
Leaderboard Table

INTERACTIVE PUZZLES

TILE TRACE
FUTOSHIKI
SUDOKU
MIND FLIP
Explore Today For You Stories Library
🔒

Login Required

ဒီကဏ္ဍကို ဖတ်ရှုဖို့ Toohush အကောင့်ဝင်ရန် လိုအပ်ပါတယ်။

Login ဝင်မည်